နိုဝင်ဘာ ၂၁

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၃၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၄၉၆၇၂၉၉ ဦး ရှိလာကြောင်း ကျန်းမရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် သုံးဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ၁၆၃၀ သည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် နိုင်ငံအတွင်း ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၆၅၉၅ ဦးရှိလာသည်ဟု သိရသည်။

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၉၀၃၉၀၆ ဦးရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါဖြစ်ပွားဆဲလူနာ ၂၆၇၉၈ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင်ကုသမှုခံယူဆဲလူနာ ၉၄ ဦးရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို