မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၆၇ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၃၀

 

 မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၆၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၈၃၈၈၇၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် လေးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၁၈၆၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၆၃၆၉ ဦး ရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမားရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၇၇၇၃၂၉ ဦးရှိလာကြောင်း ထိုဝန်ကြီးဌာနကဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၅၁၇၄ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၄၃ ဦးရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို