မတ် ၂၃

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၄၈၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၄၀၃၂၄၃၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၃၉၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၁၀၈၉ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၇၃ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၄၅၃၅ ဦးအထိ မြင့်တက်လာသည်။

 

ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၂၅၆၁ ဦးရှိပြီး ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၃၇၄၅၂၂၉ ဦး အထိရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါလက်ရှိဖြစ်ပွားနေဆဲလူနာ ၂၅၂၆၇၁ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၃၃၉ ဦး ရှိသည်။

 

နိုင်ငံလူဦးရေ၏ ၈၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီသူ ၇၉ ရာခိုင်နှုန်းနှင့် ၄၇ ဒသမ ၆ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို