နိုဝင်ဘာ ၁၄

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၃၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါဖြစ်ပွားသူပေါင်း ၄၉၄၈၈၁၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် နှစ်ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၂၃၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ရာ ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၆၅၄၈ ဦး အထိရှိလာသည်။

ထိုရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၈၈၂၆၆၄ ဦးရှိလာကြောင်း သိရသည်။

နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၉၆၀၅ ဦးရှိပြီး ၉၁ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို