နိုဝင်ဘာ ၂

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၉၁၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၄၉၀၅၈၇၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၉၀၂ ဦးသည် ပြည်တွင်း ကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့သဖြင့် ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၃၆၄၇၈ ဦးရှိလာသည်ဟု သိရသည်။

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း  ၄၈၃၇၆၅၂ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံတွင် ထိုရောဂါဖြစ်ပွားဆဲလူနာ ၃၁၇၄၇ ဦးရှိသည့်အနက် ၆၀ သည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေပြီး ၄၃ ဦးသည် အသက်ရှုအထောက်အကူပြုကိရိယာအသုံးပြုလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို