နိုဝင်ဘာ ၉
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၇၈၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၄၉၃၃၇၅၃ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် သုံးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၃၇၇၈ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ကိုးဦးထပ်မံသေဆုံးခဲ့သဖြင့် နိုင်ငံအတွင်း ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၆၅၀၄ ဦးအထိ ရှိလာကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၈၆၁၇၉၂ ဦး ရှိကြောင်း ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၅၄၅၇ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၇၅ ဦးရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို