ဇန်နဝါရီ ၂၆
မလေးရှားနိုင်ငံ Pahang ပြည်နယ်ရှိ လူသိများသောခရီးသွားအပန်းဖြေနေရာတစ်ခုတွင် ယနေ့မနက်အစောပိုင်းက မြေပြိုမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံးပြီး လေးဦးမြေအောက်နစ်မြုပ်နေသည်ဟု ယူဆရသည်။
အာဏာပိုင်များက Cameron Highlands ခရိုင်တွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ရပ်ကို ဒေသစံတော်ချိန် ၂ နာရီ ၅၁ မိနစ်က လက်ခံရရှိခဲ့သည်ဟု Pahang မီးသတ်နှင့်ကယ်ဆယ်ရေးဌာန အစ်စမေးလ်အဘဒူလ်ဂါနီက ပြောကြားသည်။
ထိုမြေပြိုမှုဖြစ်ပွားရာနေရာတွင် အရွယ်ရောက်အမျိုးသားသုံးဦးနှင့် အရွယ်ရောက်အမျိုးသမီးတစ်ဦးတို့ မြေအောက်နစ်မြုပ် နေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းကထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို