ကွာလာလမ်ပူ မတ် ၂၃
မလေးရှားနိုင်ငံသည် နိုင်ငံအတွင်း ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် မိုးလေဝသစောင့်ကြည့်ခန့်မှန်းရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သဘာဝအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး အာသာဂျိုးဇက်ကူရက်က မတ် ၂၂ ရက်တွင် ပြောကြားသည်။
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစနစ်တွင် ဉာဏ်ရည်တုနည်းပညာနှင့် ဒေတာအချက်အလက်များဖြင့် ပေါင်းစပ်ဆောင်ရွက်မည်ဟု ၎င်းက ယခုနှစ် ကမ္ဘာ့မိုးလေဝသနေ့အခမ်းအနားတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားသည်။ အမျိုးသားရာသီဥတုစင်တာအနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများကို သုတေသနပြုလေ့လာသွားမည်ဖြစ်ကာ သင့်တော်သည့်မူဝါဒများ ချမှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


