စက်တင်ဘာ ၂၀
မလေးရှားနိုင်ငံရှိ ပြည်နယ်အများအပြားတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်အထိ ရေဘေးသင့်သူ ၇၇၈၀ ရှိလာသည်ဟု သတင်းထုတ်ပြန်ထားသည်။
ကီဒက်ရှ်ပြည်နယ်သည် ရေးဘေးသင့်မှုအများဆုံးဒေသဖြစ်ပြီး ရေဘေးကယ်ဆယ်ရေးစင်တာ ၃၈ ခုတွင် လူပေါင်း ၆၅၈၈ ဦး ခိုလှုံလျက်ရှိသည်ဟု လူမှုဖူလုံရေးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အခြားရေဘေးသင့်ပြည်နယ်များမှာ ဘော်နီယိုမြောက်ပိုင်းရှိ ဆာဘား၊ ပါလစ်စ်၊ ဆီလန်ဂေါနှင့် ပီနန်ပြည်နယ်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
အနောက်တောင်မုတ်သုံရာသီသည် စက်တင်ဘာလအထိ ဆက်လက်တည်ရှိနိုင်ပြီး ဆိုးရွားသောရာသီဉတုကြောင့် မိုးများအဆက်မပြတ်သည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို