ကွာလာလမ်ပူ ၊ ဒီဇင်ဘာ ၁၈

 

မလေးရှားနိုင်ငံရှိ ပြည်နယ်လေးခုတွင် ဒီဇင်ဘာ ၁၇ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုမှတစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကြောင့် လူပေါင်း ၆၅၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်း ပြည်နယ်များဖြစ်သည့် ကီလန်တန်ပြည်နယ်နှင့်    တီရန်ဂနူး ပြည်နယ်တို့သည်    ရေကြီးမှုဒဏ် အဆိုးရွားဆုံးခံခဲ့ရသည့်  ပြည်နယ်များဖြစ်ပြီး ရေဘေး ကယ်ဆယ်ရေး စခန်း ၃၉ ခုတွင် လူပေါင်း ၆၃၇၀ ကျော်  ခိုလှုံနေရကြောင်း မလေးရှားနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနက ပြောကြားသည်။

 

ရေကြီးမှုဒဏ်ခံခဲ့ရ

 

ထို့ပြင် မလေးရှားနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်း ပြည်နယ်များဖြစ်သော ပီရက်ပြည်နယ်နှင့်  ဆီလန်ဂေါ ပြည်နယ်တို့တွင်လည်း  ရေကြီးမှုဒဏ်ခံခဲ့ရကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ၌ ပုံမှန်အားဖြင့် အောက်တိုဘာလမှ မတ်လအထိ ရွာသွန်းလေ့ရှိပြီး မြောက်ပိုင်းဒေသရှိ ပြည်နယ်များနှင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မလေးရှားနိုင်ငံ မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်