မတ် ၂၅
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၃၁၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၀၇၉၂၄၂ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုဗစ်ရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၉၇ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၄၀၁၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၆၄ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၄၆၆၄ ဦးအထိ ရှိလာသည်။
ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၅၅၁၂ ဦးရှိပြီး ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းသွားသူပေါင်း ၃၇၉၆၉၇၅ ဦးရှိသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၂၄၇၆၀၃ ဦးရှိပြီး ၃၂၁ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၄ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ၇၉ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်သည်။ ၄၇ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံပြီး ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို