ကွာလာလမ်ပူ ဖေဖော်ဝါရီ ၂၈
မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၄၆၆ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၄၁၉၆၃၆ ဦး ရှိလာကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူများ အနက် ၂၄၂၂၀ သည် ပြည်တွင်း၌ ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် ၂၄၆ ဦးသည် ပြည်ပမှပြန်လည် ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။ ။
ထို့ပြင် မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၀ ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံး သူပေါင်း ၃၂၆၄၇၄ ဦးရှိလာကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၂၂၇၁၀ ထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၃၀၈၆၂၇၀ ရှိလာကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၃၀၀၆၉၂ ဦးရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၈၂ ဒသမ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း၊ ၇၈ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း နှင့် ၄၄ ဒသမ ၆ ရာခိုင်နှုန်းသည် တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်