နေပြည်တော် ဇွန် ၅

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေး ကြေညာချက်ကို ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလအတွင်း အခက်အခဲ တစ်စုံတစ်ရာရှိပါက [email protected] သို့လည်းကောင်း၊ သံရုံးကောင်စစ်တာဝန်ခံများဖြစ် သည့် ဦးကိုကိုလွင်(သံရုံးအုပ်) ဖုန်းနံပါတ် +၆၀၁၁ ၂၃၄၆ ၄၃၄၀ နှင့် ဦးနိုင်မင်း (သံရုံးအုပ်) ဖုန်းနံပါတ် +၆၀၁၀ ၄၃၀ ၅၅၃၀ တို့ကို လည်းကောင်း ဆက်သွယ်အကူအညီတောင်းခံနိုင် ကြောင်း ဖော်ပြပါရှိသည်။

(ထက်လျှံ)