ဇွန် ၁၇

 မလေးရှားနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှဧပြီလအတွင်း ဘရူနိုင်းနိုင်ငံမှခရီးသွားဦးရေ ၃၉၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ယမန်နေ့ကဖော်ပြထားသည်။

ထိုကာလအတွင်း မလေးရှားနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုအများဆုံးငါးနိုင်ငံတွင် ဘရူနိုင်းနိုင်ငံပါဝင်သည်ဟု သိရသည်။ မလေးရှားနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုအများဆုံးငါးနိုင်ငံတွင် စင်ကာပူနိုင်ငံမှခရီးသွား ၂၅၉၉၀၇၆ ဦး ရှိရာ ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ ခရီးသွား ၁၁၅၀၉၃၉ ဦး ဝင်ရောက်ခဲ့ပြီးနောက် တရုတ်၊ ထိုင်းနှင့် ဘရူနိုင်းနိုင်ငံတို့ပါဝင်ကြောင်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံ၏ ဆာရာဝခ်နှင့် ဆာဘတ်ဒေသတို့နှင့်ကပ်လျက်ရှိသော ဘရူနိုင်းနိုင်ငံသည် သေးငယ်ပြီး ရေနံပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။၂၀၂၃ ခုနှစ်က မလေးရှားနိုင်ငံသို့ ဘရူနိုင်းခရီးသွား ၈၁၁၈၃၃ ဦး ဝင်ရောက်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို