ဒီဇင်ဘာ ၂၄
မလေးရှားနိုင်ငံရှိ အရေးပါဆုံးအမြန်လမ်းများအနက်တစ်ခုဖြစ်သော မြောက်ဘက်မြို့များသို့ သွားရန်အသုံးပြုသည့် မြောက်-တောင်အမြန်လမ်းတလျှောက် ခရီးသည်များနားနေရန်နှင့် အခြေခံဝန်ဆောင်မှုများရရှိနိုင်ရန်ဖွင့်လှစ်ထားသော အယာကဲရိုရပ်နားခြင်းနှင့် ဝန်ဆောင်မှုဌာနအနီးတွင် ယမန်နေ့ညနှောင်းပိုင်းက ယာဉ်သုံးစီးတိုက်မိမှုဖြစ်ပွားခဲ့ရာ ခုနစ်ဦးသေဆုံးပြီး အခြား ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါယာဉ်မတော်တဆမှုတွင် ခရီးသည် ၂၇ ဦး တင်ဆောင်လာသော ခရီးသွားဘတ်စ်ကားတစ်စီး၊ နောက်တွဲကုန်တင်ယာဉ်တစ်စီးနှင့် တိုယိုတာကား (MPV) တစ်စီးတို့ပါဝင်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ယာဉ်တိုက်မှုကြောင့်သေဆုံးသူများတွင် အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးနှင့် ကလေးအရွယ်မိန်ကလေးတစ်ဦးတို့ ပါဝင်သည်ဟု ဒေသခံရဲတပ်ဖွဲ့က ဆိုသည်။
ထိုယာဉ်တိုက်မှုသည် မြောက်ဘက်သို့သွားရာအမြန်လမ်း ၁၀ ကီလိုမီတာအတွင်း ယာဉ်များ အများအပြားရှိခြင်းကြောင့်ဖြစ်ကြောင်းနှင့် ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိရန်စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို