နေပြည်တော် ၂၀ မေ

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၀၇)ဉီးအား မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ မေ ၂၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ ရန်ကုန်မြို့ရှိ သီးခြားသတ်မှတ်ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်များ၌ (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ယခင်အသုတ်များက မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူအချို့တွင် COVID-19 ရောဂါပိုး အတည်ပြုလူနာများ တွေ့ရှိရသဖြင့် ယနေ့ မလေးရှားမှ ပြန်လည်ဆိုက်ရောက်လာမည့်သူများအား သတ်မှတ်အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံယူမည့် နေရာ/ဟိုတယ်များတွင် ရောက်ရှိချိန်တွင် ကျန်းမာရေးစိစစ်မှုများနှင့် COVID-19 ရောဂါရှိ/မရှိ ဓါတ်ခွဲစစ်ဆေးမှုများကို စနစ်တကျပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

 

DSC_9906

 

DSC_9862

သတင်းစဉ်