ကွာလာလမ်ပူ ၂၄ မေ

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅ဝဝဝဝဝ ရှိလာပြီဖြစ်သည့်အတွက် နောက်ထပ် စည်းကမ်း ကန့်သတ်ချက်များကို တင်းကျပ်သွားမည်ဟု မလေးရှားအစိုးရက ကြေညာခဲ့သည်။

မေ ၂၅ ရက်မှစတင်ကာ ပြည်သူ့ဝန်ထမ်း ၈၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကဝန်ထမ်း ၄၀ ရာခိုင်နှုန်းတို့မှာ နေအိမ်မှာသာအလုပ်လုပ်ကိုင်ရမည်ဟု ကိုဗစ်-၁၉ စည်းကမ်းကန့်သတ်ချက်များ အကောင်အထည် ဖော်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသည့် ကာကွယ်ရေးဝန်ကြီး အစ္စမေးလ်ဆာဘရီယာကိုဘဲ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အခြားသောကန့်သတ်မှုများတွင် ဈေးဆိုင်များ ဖွင့်ချိန်ကန့်သတ်ခြင်း၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးတွင် တင်ဆောင်နိုင်မှုဝန်ကို လျှော့ချ ခြင်းတို့ ပါဝင်သည်။ မလေးရှားနိုင်ငံတွင် မေ ၂၂ ရက်က ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၆၃၂၀ ထပ်မံတွေ့ရှိခဲ့သည်။

ထို့ကြောင့် တိုင်းပြည်အနှံ့ ကိုဗစ်-၁၉ကူးစက်ခံရသူ စုစုပေါင်းမှာ ၅၀၅၁၁၅ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ကိုဗစ် -၁၉ နှင့် ဆက်စပ်ပြီး နောက်ထပ်သေဆုံးသူ ၅၀ ကျော် ထပ်တိုးလာသည့်အတွက် သေဆုံးသူစုစုပေါင်းမှာ လည်း ၂၁၉၉ ဦးရှိသည်။

ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာ လာသူ ၄၄၉၂၃၄ ဦး ရှိသည့်အတွက် ၈၈ ဒသမ ၉ ရာခိုင်နှုန်း ပြန်လည် ကျန်းမာလာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားဆဲ ၅၃၆၈၂ ဦး ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၆၅၂ ဦးရှိသည်။ အသက်ရှူ အထောက်အကူပြုကိရိယာ အသုံးပြုရသူ ၃၇၀ ရှိသည်ဟု သိရသည်။

ဆင်ဟွာ