စက်တင်ဘာ ၂၁

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၃၄၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၂၁၁၂၁၇၅ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။

ပြည်ပကူးစက်ခံရသူ ၄၃ ဦးထပ်မံတွေ့ရှိခဲ့ရပြီး ပြည်တွင်းကူးစက်ခံရသူ ၁၄၃၀၂ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၃၀၁ ဦး သေဆုံးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သေဆုံးသူ ၂၃၇၄၄ ဦးအထိ ရှိသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၈၈၀၇၃၃ ဦး ရှိလာသည်။

အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၁၅၄ ဦး ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲလူနာ ၂၀၇၆၉၈ ဦးရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို