ကွာလာလမ်ပူ ဒီဇင်ဘာ ၂၀
မလေးရှားနိုင်ငံ နေရာအစိတ်အပိုင်း အတော်များများတွင် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုဖြစ်ပွားခဲ့ရာ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဝန်ကြီးချုပ် အစ္စမေးလ်ဆဘရီယာကွတ်က ပြောသည်။
ကြိုတင်ပြင်ဆင်
ပြည်နယ်ပေါင်း ခြောက်ခုမှ လူပေါင်း ၁၁၃၈၄ ဦးကို ခိုလှုံရာနေရာများသို့ပို့ပေးခဲ့ရသည်။ ကြိုတင် ကာကွယ်ပေးမှုအဖြစ် လူပေါင်း ၁ ဒသမ ၆ သန်းအတွက် ကယ်ဆယ်ရေးစင်တာများကို ပြင်ဆင်ထားသည်ဟု သိရသည်။
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်လည်း လိုအပ်သည့် လုပ်ဆောင်မှုများကို အစိုးရက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သတိပေးထား
မလေးရှား နိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ပါဟန်နှင့် ဆလင်ဂါပြည်နယ်တို့တွင် အန္တရာယ်ဖြစ်နိုင်သည်အထိ ရေမြင့်တက်လာနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။ ကွာလာ လမ်ပူမြို့တွင်လည်း အလားတူ သတိပေးထားသည်။
ဆင်ဟွာ