မလေးရှားရွေးကောက်ပွဲ မဟာသီယာ အနိုင်ရ

ကွာလာလမ်ပူ ၁၀ မေ 

မလေးရှားနိုင်ငံမှာ မေလ ၉ ရက် မနေ့က ရွေးကောက်ပွဲကျင်းပခဲ့ရာ အသက် ၉၂ အရွယ်ရှိနေပြီဖြစ်တဲ့ မဟာသီယာ မိုဟာမက် အနိုင်ရရှိသွားကြောင်း မဲရလဒ်တွေအရ သိရပါတယ်။

 

၁၉၅၇ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက  နှစ်ပေါင်း ၆၀ ကျော်ကြာ အာဏာစွဲကိုင်ထားတဲ့ Barisan Nasional အဖွဲ့ကို မဟာသီယာဦးဆောင်တဲ့ အတိုက်အခံညွန့်ပေါင်းအဖွဲ့က တစ်ကျော့ပြန် အနိုင်ရယူခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရရှိပြီး ရာထူးအာဏာ ရယူပြီးတဲ့အခါ မဟာသီယာဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ဝန်ကြီးချုပ်ဖြစ်လာမှာပါ။ မဟာသီယာဟာ မေလ ၁၀ ရက် ကြာသပတေးနေ့ ဒီကနေ့မှာ ရာထူးဆက်ခံမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အစိုးရတစ်ရပ် ဖွဲ့စည်းဖို့အတွက် ၁၁၂ နေရာပဲ လိုအပ်တာဖြစ်ပြီး  ရွေးကောက်ပွဲ ကော်မရှင်ရလဒ်တွေအရ မဟာသီယာရဲ့ Pakatan Harapan အဖွဲ့ဟာ လွှတ်တော်နေရာ ၁၂၁ နေရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ BN ပါတီကတော့ မူလ ၁၃၃ နေရာကနေ ၇၉ နေရာအထိ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

(MDN)
ကိုးကား-AFP