ကွာလာလမ်ပူ မတ် ၈

 

မလေးရှားနိုင်ငံတွင် မတ် ၆ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၇၄၃၅ ဦး အထိရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၃၆၂၂၆၀၇ ဦးအထိ ရှိလာပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူများအနက် ပြည်ပကူးစက်ဖြစ်ပွားသူ ၂၅၄ ဦးနှင့် ပြည်တွင်း ကူးစက်ဖြစ်ပွားသူ ၂၇၁၈၁ ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ဖော်ပြထားသည်။ ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၅၅ ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်းမှာ ၃၃၂၂၈ ဦးအထိ ရှိလာပြီ ဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းလာသူ ၃၀၃၃၅ ဦး  အပါအဝင် စုစုပေါင်းကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၃၂၈၁၁၂၈ ဦးရှိပြီဖြစ်သည်။ လတ်တလောကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားနေသူ ၃၀၈၂၅၁ ဦးရှိသည့်အနက် ၃၇၉ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသလျက်ရှိပြီး ၂၁၆ ဦးမှာ အသက်ရှူ အထောက်အကူပြု  ကိရိယာ လိုအပ်လျက်ရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးပြီးသူပေါင်း ၈၃ ဒသမ ၂ရာခိုင်နှုန်းရှိပြီး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၇၈  ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်သည်။ ထို့အပြင်  အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ  ၄၆ ရာခိုင်နှုန်းရှိလာပြီဖြစ်သည်။

 

ဆင်ဟွာ