မလေးရှားဝန်ကြီးချုပ် ရွေးကောက်ပွဲအတွက် ပါလီမန်ဖျက်သိမ်းကြောင်းကြေညာ

 

ကွာလာလမ်ပူ အောက်တိုဘာ ၁၁

 

မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီယာကော့ဘ်သည် အောက်တိုဘာ ၁၀ ရက်က ပါလီမန်ကို   ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး လာမည့်ရက်ပေါင်း ၆၀အတွင်း ကျင်းပမည့် အမျိုးသား ရွေးကောက်ပွဲအတွက် လမ်းခင်းပေးခဲ့သည်။

 

ရုပ်မြင်သံကြား မိန့်ခွန်းတွင် အစ္စမေးလ်ဆာဘရီက နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဘုရင် ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန်အာမက်ရှာ့ဟ် ၏ သဘောတူညီချက်ကို ရရှိခဲ့ကြောင်းပြောကြားခဲ့သည်။

 

၂၀၁၈ ခုနှစ် အမျိုးသား ရွေးကောက်ပွဲပြီးနောက် မမျှော်မှန်း နိုင်သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ကြောင်း အစ္စမေးလ်က ပြောကြားခဲ့သည်။

 

အဆိုပါ ကြေညာချက်နှင့်အတူ လုပ်ပိုင်ခွင့်ကို ပြည်သူသို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ထောက်ခံမှုကြောင့် ဖြစ်ပေါ်လာသောလုပ်ပိုင်ခွင့်သည် နိုင်ငံတော်အတွက် နိုင်ငံရေး တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ရာတွင် စွမ်းအားရှိသော ဖြေဆေးဖြစ်ကြောင်း ၎င်းက ပြောသည်။

 

ဆင်ဟွာ