၁၇ ဇူလိုင်
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် ပိုင်ဆိုင်တဲ့ ဘဏ်ကတ်တွေထဲက ကတ် နှစ်ကတ်ကို အသုံးပြုပြီး အီတလီနိုင်ငံမှာ ရတနာပစ္စည်းဝယ်ယူရန် အမေရိကန် ဒေါ်လာရှစ်သိန်းသုံးထောင်ကို အသုံးပြုခဲ့ကြောင်း မလေးရှားတရားရုံးမှာတနင်္လာနေ့က ကြားနာခဲ့ရပါတယ်။
နာဂျစ်ဟာ အီတလီနိုင်ငံရှိ ဆွစ်ရတနာဆိုင် De Grisogono မှာ မလေးရှားငွေ ၃.၃ သန်း (အမေရိကန်ဒေါ်လာ ၈၀၃၀ဝ၀) ကို သုံးစွဲခဲ့ကြောင့် အစိုးရသတင်းဌာနဖြစ်တဲ့ ဘနားမား သတင်းမှာ ရေးသားထားပါတယ်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က နာဂျစ်ဟာ သုံးစွဲခဲ့ကြောင်း ဘာပစ္စည်းဝယ်ခဲ့တယ်ဆိုတာတော့ ထုတ်ဖော်ပြောခြင်းမရှိပါဘူး။ မလေးရှား အေအမ်ဘဏ်ရဲ့ ထိပ်တန်းအရာရှိက ပြောပါတယ်။
အဲဒီဘဏ်ကတ်တွေ အသုံးပြုပြီး ဟာဝါရီရှိ Chanel ပစ္စည်းဝယ်ယူရန် မလေးရှားငွေ လေးသိန်းခြောက်သောင်း၊ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်မှာ မလေးရှားငွေ တစ်သိန်းနှစ်သောင်း သုံးစွဲခဲ့ဖူးကြောင်း ဘဏ်ရဲ့ ထိပ်တန်းအရာရှိက တရားရုံးမှာ ထွက်ဆိုသွားပါတယ်။

အီတလီမှာ အသုံးပြုတာနဲ့ပတ်သတ်ပြီး အဲဒီငွေတွေကို အစိုးရအဖွဲ့ဝင်တစ်ဦးကို လက်ဆောင်ပေးဖို့ အတွက် အသုံးပြုခဲ့တာဖြစ်တယ်။ ဒါမှလည်း မလေးရှားနိုင်ငံအတွက် ဆက်ဆံရေး ကောင်းမွန်မှာ ဖြစ်တယ်။ နိုင်ငံ့ခေါင်းဆောင်တွေကို တခြားအစိုးရတွေက လက်ဆောင်ပေးတာက ပုံမှန်ဖြစ်တယ်ဆိုပြီး ဆိုရှယ်မီဒီယာ ဖေ့ဘုတ်မှာ နာဂျစ်က ရေးသားထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ ရာဂျစ်ဟာ ရှုံးနိမ်ပြီးနောက် ဧပြီလကစပြီး နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေကို နာဂျစ်ဟာ ခိုးယူသုံးစွဲခဲ့တယ်ဆိုပြီး တရားရင်ဆိုင်ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ရာဂျစ်ပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ နေရာတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ငွေကြေးတွေ၊ ရတနာပစ္စည်းတွေနဲ့ တန်းဖိုးကြီးမားတဲ့ အသုံးအဆောင်များ အပါဝင် အမေရိကန် ဒေါ်လာ ၂၇၃ သန်းဖိုးကို သိမ်းဆည်းခံခဲ့ရပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။
MDN
ကိုးကား - AFP