မလှိုင်   ၂၃  ဒီဇင်ဘာ

 

မလှိုင်မြို့နယ် စာပေဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီကကြီးမှူး၍ မြို့နယ်အတွင်းရှိ စာပေ ချစ်သူများအတွက် စာပေဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မလှိုင်မြို့ ပန်းလှိုင်ရွှေဝါ ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

စာပေဟောပြောပွဲတွင် စာရေးဆရာ ဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ) က “ချစ်လို့ပြောတာမှတ်ပါ ခေါင်းစဉ်  ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးကျော်ဝင်း အမျိုးသားစာပေဆုရ (မနုဿကျော်ဝင်း) က “စည်းလုံးမှ ခိုင်မာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ရှေ့နေဦးဝင်းကြည် (စဉ့်ကိုင်) က   “ဘဝနှင့် ဥပဒေ၊ ဥပဒေနှင့် ဘဝ “ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြသည်။

 

စာပေဟောပြောပွဲသို့ မြို့ပေါ်ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ စာပေချစ်မြတ်နိုးသူ စာပေ ဝါသနာရှင်များ တက်ရောက်နားထောင်ခဲ့သည်။

 

အောင်ဌေး(မလှိုင်)