မလှိုင် ၁၅ ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက မြို့မစည်ပင်သာယာဈေး မီးဘေးကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်၊၊

 

7e6

 

မလှိုင်မြို့ မြို့မစည်ပင်သာယာဈေးမှာ ဧရိယာအကျယ်အဝန်း (၄.၅၄) ဧကရှိပြီး ဈေးဆိုင်ခန်းပေါင်း (၈၂၈)ခန်းရှိကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာဈေးရှိ ရေကန်များအား ရေစစ်ဆေးခြင်း၊ ဖြည့်စွက်ခြင်း၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ကား သွားလာနိုင်ရေးအတွက် ဈေးလမ်းများ ပိတ်ဆို့မှုမဖြစ်ပေါ်စေရန် အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးများ စစ်ဆေးခြင်းများ၊ မီးသတ်ဆေးဘူးများ ထားရှိရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

b88

 

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဉီးဇင်ကိုလတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဉီးစီးအရာရှိ ဒေါ်လှိုင်နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ စည်ပင်ကော်မတီဝင်များ၊ မြို့နယ် မီးသတ်ဉီးစီးမှူး ဉီးဇေယျာအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်ဝင်းဇော်ဉီး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လျှပ်စစ်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုဘို(မလှိုင်)