မလှိုင်  ၁  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီမှ ၁၀ နာရီထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းကို မလှိုင်မြို့နယ် လမ်းဆုံမီးပွိုင့်၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင် အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲစု ဒုရဲမှူးရန်နိုင်နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ယာဉ်လိုင်စင်၊ လူလိုင်စင်နှင့် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသူများအား ဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စည်ကမ်းမလိုက်နာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ ဆိုင်ကယ်စီးဦးထုပ်များကို K ဟိန်း ဆိုင်ကယ်ရောင်းဝယ်ရေးမှ ဆိုင်ကယ်စီးဦးထုပ် အလုံး ၁၃၀ ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)