မလှိုင်မြို့နယ် ရေရင်ကျေးရွာမှ မိသာစုဝင်ငွေ ကောင်းစွာ ထိမ်းနိုင်သော မြန်မာတံမြက်စည်းလုပ်ငန်း

လှိုင်  ၁၈  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် မြင်းဦးလှည့်အုပ်စု ရေရင်ကျေးရွာရှိ မြန်မာ့တံမြက်စည်း လုပ်ကိုင်နေသူများ အဆင်ပြေကြောင်း အဆိုပါကျေးရွာရှိ တံမြက်စည်းလုပ်ကိုင်နေသူများထံမှ သိရသည်။

 

IMG

 

တံမြက်စည်းကို ထိုင်တံမြက်စည်းနှင့် မတ်တပ်ရပ်တံမြက်စည်းဟူ၍ နှစ်မျိုးပြုလုပ်နေရပြီး တစ်မြက်စည်း တစ်ချောင်းဖြစ်ရန် လူငါးဦးခန့် အဆင့်ဆင့်လုပ်ကိုင်ရကြောင်း ဝိုင်းဖွဲ့စုပေါင်း၍ လူတစ်ဦးလျင် တစ်ရက်၌ တံမြက်စည်း အချောင်းတစ်ရာအထက် ပြီးစီးသဖြင့် လုပ်အားခကိုလည်း ပြီးစီးမှုပေါ် မူတည်ရှင်းပေးရသဖြင့် တစ်ဦးချင်း ဝင်ငွေကောင်းမွန်ကြောင်း/ တံမြက်စည်းတစ်ချောင်းတွင် သက်/လျော်ကွင်းဂွေ/တံမြက်စည်းရိုးတို့ အပြင် တံမြက်ဆန်များအား အဆင့်ဆင့် ပြုလုပ်ရ၍ လူများစွာ အလုပ်ရကြောင်း ရေရင်ကျေးရွာရှိ တံမြက်စည်းလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ကြည်ဝင်းက ပြောကြားသည်။ "တံမြက်စည်းတစ်ချောင်းပြုလုပ်ရန် တံမြက်ဆန်ကို ပျဉ်းမနား တောင်ငူနှင့် ဘိုကလေးမြို့များမှ ဝယ်ယူရပြီး ပြုလုပ်ပြီးသော တံမြက်စည်းများအား မြင်းခြံ၊ ပခုက္ကူ၊ တောင်သာမြို့များသို့ အဓိကဖြန့်ဖြူး ရောင်းချနေရကြောင်း ပြောကြားသည်။

 

IMG_2019

 

တံမြက်စည်းလုပ်ငန်းကို အဆင့်ဆင့်လုပ်ကိုင်နေရပြီး ထိုင်တံမြက်စည်းတစ်ချောင်းလျင် လေးရာကျပ်နှင့် ခြောက်ရာကျပ်ရောင်းချရကာ မတ်တပ်ရပ်တံမြက်စည်းကို ၁၉၀ဝ ကျပ်ခန့်ရောင်းချနေရကြောင်း တံမြက်စည်း လုပ်ကိုင်နေသူ ဦးအောင်စိုး ပြောကြားသည်။ တောင်သာ၊ မြင်းခြံ၊ ပခုက္ကူနှင့် အခြားမြို့များသို့ ပို့ပေးနေရပြီး ရေရင်ကျေးရွာထွက် တံမြက်စည်းမှာ အရည်အသွေးကောင်းမွန်အသုံးခံ၍  အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်) 

 

IMG_20190