mdn

မလှိုင်   အောက်တိုဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများ တွေ့ဆုံ၍ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး  လုပ်ငန်းညှိနှိုင်း အစည်းဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့ကြောင်းသိရသည် ။ 

မလှိုင်မြို့နယ်တွင် အသက် ၁၂ နှစ်ပြည့်ပြီးသူ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၆ဝ၅၂ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၈၇၇၈ ဦး စုစုပေါင်း ၁၄၈၃ဝ ဦးရှိပြီး ဆေးထိုးအဖွဲ့ ငါးဖွဲ့ဖြင့် စုရပ်နေရာ ငါးနေရာ၌ အောက်တိုဘာ ၁၂ ရက်မှစတင်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

အောင်ဌေး(မလှိုင်)