mdn

မလှိုင်   အောက်တိုဘာ   ၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ၊ အိမ်ထောင်စု လူဦးရေစာရင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၇ ရက်က ပန်းအိုင်ကျေးရွာအုပ်စုအတွင်းမှ  နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသူ ၄၆ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ  ဆောင်ရွက်ပေးခဲ့သည်။

မလှိုင်မြို့နယ်တွင် နိုင်ငံသား စိစစ်ရေးကတ်ဆောင်ရွက်ပေးရန် ၁ဝ၆၂၁ ဦးရှိပြီး နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပန်းခင်းစီမံချက်ဖြင့် မေ ၃ ရက်မှစတင်ပြီး ဆောင်ရွက်ပေးခဲ့ရာ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား (၃က) နှင့် အသက် ၁၈ နှစ်နှင့် အထက် (၆က) နိုင်ငံသားကတ် မရရှိသေးသူ ၂၉၄၇ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။  

အောင်ဌေး(မလှိုင်)