မလှိုင်  ၃၁  မတ်

 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေရှားပါးသော မြင်းဦးလှည့်အုပ်စု မြင်းဦးလှည့်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ သောက်သုံးရေလှူဒါန်းရာတွင် ဂါလံ ၁၆၀ဝ ဆံ့ မီးသတ်ရေသယ်ယာဉ်ဖြင့် မြင်းဦးလှည့်ကျေးရွာ (ရွာမ)ရှိ အရှေ့ ရေအုတ်ကန်ထဲသို့ ရေဖြည့်ကာ ကျေးရွာရှိ ဒေသခံပြည်သူများသို့ မျှဝေပေးခဲ့သည်။

 

အလားတူ မလှိုင်မြို့နယ် "ဗလငါးတန်" လူမှုကူညီရေးအသင်းမှ အလှူရှင်နှင့် ပူးပေါင်း၍ ရေဂါလံ ၃၂၀ဝ ဆံ့ ရေသယ်ယာဉ် ဖြင့် မြင်းဦးလှည့်ကျေးရွာ အနောက်ဘက် ရေအုတ်ကန်သို့ ရေဖြည့်လှူဒါန်းခဲ့ကြသည်။

 

မြင်းဦးလှည့်ကျေးရွာမှာ မလှိုင်မြို့နှင့် ခုနှစ်မိုင်ခန့် ကွာခြားပြီး ကျေးရွာတွင် အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိပြီး လူဦးရေ ၇၀ဝ နီးပါးရှိကာ ရေရှားပါးသော ကျေးရွာများတွင် ပါဝင်ကာ ယနေ့လာရောက်လှူဒါန်း၍ ရရှိသောရေမှာ ကျေးရွာသောက်ရေအတွက် သုံးရက်တာမျှသာ အဆင်ပြေကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)