မလှိုင် ၁၂ ဇွန်
မန္တလေးတိုင်ဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် အောင်စာရင်းနှင့် ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလှိုင်မြို့နယ် ပညာရေးမှူးရုံးက သိရပါတယ်။
"ဇွန်လ ၁၃ ရက် အောင်စာရင်းထွက်ရာမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်သွားမှာပါ။ လူစုလူဝေးမဖြစ်အောင် ကျောင်းတွေမှာ အတန်းအသီးသီးကို အောင်စာရင်း ကပ်သွားမှာပါ။နောက်ပြီး အောင်စာရင်းလာကြည်တဲ့ ကျောင်းသား ကျောင်းသားမိဘတွေကို mask တွေ တပ်လာဖို့/လက်ဆေးဖို့အတွက် ဆပ်ပြာ/ရေ လက်ဆေးကန် ချထားပေးပါ့မယ်။တစ်ဦး နဲ့ တစ်ဦး ခြောက်ပေကွာကနေ ကြည့်နိုင်အောင် ကျောင်းတွေကို ညွှန်ကြားထားပါတယ်"ဟု ဇွန် (၁၃) ရက်နေ့ ထွက်မည့်အောင်စာရင်းလာကြည်သူ့များအား ကိုဗစ်-၁၉ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားပုံကို မလှိုင်မြို့နယ် ပညာရေးမှူး ဦးရွှေ ကပြောကြားသည်။
“ကျောင်းသားလက်ခံရာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်သွားမှာပါ။ စာသင်တဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး ခြောက်ပေကွာ နေနိုင်ရေးအတွက် အခန်းတစ်ခန်းပို လူ ၂၀ ထားပါ့မယ်။ အခန်းကျဉ်းရင် ၁၆ ဦးထားပြီး အခန်းကျယ်ရင် ပုံမှန် လူ ၂၀ ထည့် သင်ကြားသွားမှာပါ။ ကျောင်းသားများတဲ့ ကျောင်းတွေမှာ တစ်သုတ်နဲ့တစ်သုတ် ခွဲခြား သင်ကြားသွားမှာပါ" ဟု မြို့နယ်ပညာရေးမှူးက ကျောင်းအပ်လက်ခံပြီး ကျန်းမာရေးနှင့်အညီ သင်ကြားမည့်အကြောင်း ဆက်လက်ရှင်းပြသည်။
မလှိုင်မြို့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းသားများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန် Quarantine ထားခဲ့သော ကျောင်းများအနက် မလှိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်းအား ပိုးသတ်ဆေးဖြန်းခြင်းကို မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်တုံ့ပြန်နိုင်ရေး အဖွဲ့မှ ယနေ့မနက် ၉ နာရီခွဲ အချိန်ခန့်တွင် ဆောင်ရွက်ခဲ့ကြသည်။
ဘိုဘို(မလှိုင်)