မလှိုင် ၂၇ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် တရားမဝင်စက်သုံးဆီဆိုင်များ ပိတ်သိမ်းရန် ပထမအကြိမ် အသိပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့ကြသည်။
တရားမဝင် စက်သုံးဆီဆိုင်များပိတ်သိမ်းရန် ပထမဆုံးအကြိမ် သတိပေးခြင်းဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ ဌာနခွဲမှူး ဒေါ်ခင်မာကြည်နှင့် အဖွဲ့ဝင်များ / မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး လှိုင်စစ်နွယ်မျိုးနှင့် မလှိုင်မြို့မ ရဲစခန်းမှ ဒုရဲအုပ်ဝေဇင်ထွန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ မလှိုင်မြို့ ရပ်ကွက် / ကျေးရွာများရှိ တရားမဝင် ရောင်းချနေသော စက်သုံးဆီဆိုင် ၁၄ ဆိုင်အား ပိတ်သိမ်းပေးရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် အသိပေးအကြောင်းကြားခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ဘိုဘို(မလှိုင်)


