အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တော်တွင် ယမန်နေ့က လေးထပ်အဆောက်အဦတစ်လုံးပြိုကျခဲ့ရာ လူ ၁၁ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများက အသက်ရှင်ကျန်ရစ်သူများကို ဆွဲထုတ်နိုင်ခဲ့သော်လည်း လူ ၂၀ဦးခန့်မှာ အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အခင်းဖြစ်ရာနေရာရှိ လမ်းများမှာ ကျဉ်းမြောင်းသဖြင့် စက်ယန္တရားများ ဝင်ရောက်ရန် ခက်ခဲလျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးလျက်ရှိသည်။

 

mdn

 

အဆိုပါ အဆောက်အဦမှာ နှစ်ပေါင်း ၅၀ကျော် သက်တမ်းရှိပြီဖြစ်သဖြင့် စံချိန်စံညွှန်းကိုက်ညီမှုမရှိတော့ပေ။

၂၀၁၇ခုနှစ်အတွင်းကလည်း အဆောက်အဦပြိုကျမှုကြောင့် လူပေါင်း ၃၃ဦသေဆုံးခဲ့သေးသည်။


အဆိုပါမြို့၏ တာဝန်ရှိသူများ အန္တရာယ်ရှိ အဆောက်အဦဟောင်းများကို ပြန်လည်မွမ်းမံရန် သို့မဟုတ် ဖြိုကျလျက်ရှိသော်လည်း အဆောက်အဦးပေါင်း ၅၀ဝခန့်မှာ ပြိုကျမည့်အန္တရာယ်ရှိနေဆဲဖြစ်သည်။

ပြန်လည်ရွှေ့ပြောင်းပေးရန် လိုအပ်သည့် ဒေသခံအချို့အတွက် ရန်ပုံငွေကြေးမရှိမှု၊ အိမ်ရာသစ်များမရှိမှု တို့ကြောင့် အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းကို ခက်ခက်ခဲခဲ ဆောင်ရွက်နေရသည်။  

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn