၂၂ မေ
တရုတ်ပြည်မကြီးထဲက ကိုယ်ဝန်ဆောင်သည်ရဲ့သွေးကို ဟောင်ကောင် အစွန်ပိုင်းရှိ ဆေးခန်းတွေဆီကို တရားမဝင် သယ်ဆောင်လာပြီး မမွေးရသေးတဲ့ကလေးငယ်ဟာ ယောကျာ်းလား။ မိန်းကလေးလား ဆိုတာကို စစ်ဆေးစမ်းသပ်ပေးမယ်လို့ တရုတ်ဆိုရှယ်မီဒီယာ ဝီဘိုပေါ်မှာ ကြော်ငြာထားတာကို AFP က စုံစမ်းရရှိခဲ့ပါတယ်။

ကလေးငယ်ရဲ့ လိင်ပေါ်မူတည်ပြီး ကလေးဖျက်ချလေ့ရှိတဲ့အတွက် အခုလို သွေးစစ်ပေးတဲ့ လုပ်ငန်းကို စနစ်တကျရှိတဲ့ မြေအောက် စီးပွားလုပ်ငန်းအဖြစ် အခိုင်အမာတည်ရှိနေပါတယ်။

တရုတ်တာဝန်ရှိသူတွေက သွေးစစ်ပေးတဲ့လုပ်ငန်း ဖျက်သိမ်းနိုင်ရေးကို ၂၀၁၅ ခုက သံဓိဌာန်ချခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ ကလေးငယ်ရဲ့ လိင်စစ်ဆေးမှုကို တားမြစ်ထားပါတယ်။ လိင်ကို ရွေးချယ်ပြီး ဖျက်ချခွင့်ရနေတဲ့ အတွက် ၂၀၁၈ ခုနှစ်ရဲ့ တရားဝင်စာရင်းအရ မိန်းကလေး အရေအတွက်ထက် ယောကျာ်းလေး ၃၂ သန်း နီးပါး ပိုများနေခြင်းဟာ ယောကျာ်းလေး ၁၁၅ ယောက်မှာ မိန်းကလေး ၁၀ဝ သာ မနှစ်က မွေးဖွားခဲ့တာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံမှာ မိသားစုတစ်စုမှာ ကလေးတစ်သာ မွေးဖွားခွင့် ပေါ်လစီကို ၂၀၁၆ ခုနှစ်က ဖျက်သိမ်းခဲ့ပေမယ့် အခုထိ ကလေးငယ်ရဲ့ လိင်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပထမကလေးငယ်ဟာ မိန်းကလေးဖြစ်ခဲ့ရင် ဒုတိယကလေးယူခွင့် ရှိပြီဖြစ်ပါတယ်။
ဟောင်ကောင်မှာ ကိုယ်ဝန်ဆောင်ချိန် သီတင်း ၆ ပတ်ရှိ မိခင်လောင်းသွေးကို အသုံးပြုပြီး ကလေးငယ်ရဲ့ လိင်စစ်ဆေးရန်အတွက် အမေရိကန်ဒေါ်လာ ၅၈၀ ကုန်ကျကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဟောင်ကောင်ကို ဦးတည်သွားနေတဲ့ ၁၂ နှစ်အရွယ်မိန်ကလေးငယ်ရဲ့ ကျောပိုးအိတ်မှာ ကိုယ်ဝန်ဆောင် ၁၄၂ ယောက်ရဲ့ သွေးတွေကို တွေ့ရှိခဲ့ပါတယ်။
ရှေးဟောင်းအတွေးအခေါ်ဖြစ်ပေမယ့် တရုတ်နိုင်ငံမှာ မျိုးဆက်ကို သယ်ဆောင်နိုင်တဲ့ သားယောကျာ်းလေးကို လိုချင်နေဆဲဖြစ်ပါတယ်လို့ သမီး ၃ ယောက်ဖခင်က ပြောပါတယ်။
MDN
ကိုးကား - AFP