မော်လမြိုင် နိုဝင်ဘာ ၂၄
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန တာဝန်ခံများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဗီဒိယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်၊၊
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်များက ဆွေးနွေးကြကာ တက်ရောက်လာကြသူများက ညှိနှိုင်းဆောင်ရွက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် (၅)နှစ် ဒေသန္တရ ဖွံ့ဖြိုးမှုစီမံကိန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်စဉ်ဒေသန္တရ စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးများက လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြကာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြကြောင်း သိရသည်၊၊
ခရိုင်(ပြန်/ဆက်)


