မြန်အောင် အောက်တိုဘာ ၁၁ 

 

     

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့နံနက်က အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား /ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းအတွက်  Database ရေးသွင်းခြင်း သင်တန်းဖွင့်လှစ်သင်ကြား‌ခဲ့‌ကြောင်း သိရှိရသည်။

 

     

သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ကျောင်းသား/ကျောင်းသူများ ကာကွယ်ဆေးထိုးခြင်းကို မြန်အောင်မြို့နယ်အတွင်း ဆေးထိုးစုရပ်(၁၇) နေရာတွင် ဆောင်ရွက်မှာဖြစ်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်က ပညာရေးဌာနမှ ကွန်ပျူတာတာဝန်ခံ ဆရာ/ဆရာမ (၁၇)ဦးတို့အား Database ရေးသွင်းရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

 

ထို့နောက် မြို့နယ်ပညာရေးမှူးရုံးမှ ကွန်ပျူတာတာဝန်ခံက Database ရေးသွင်းခြင်းလုပ်ငန်းအား ဆက်လက်ရှင်းလင်း‌သင်ကြားခဲ့ကြောင်း သိရှိရသည်။ 

 

 

ဝင်းဗိုလ် (မြန်အောင်)