မြန်အောင် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင် မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ကျိတ္တန်းအနောက် လမ်း ပါရမီလူမှုကူညီရေးအသင်းရုံးရှိ အလှူရှင်များစုပေါင်း၍ မြို့မိမြို့ဖများ ဦးဆောင်သော အောက်စီဂျင်စက်ရုံ လည်ပတ်နေမှုနှင့် အခမဲ့ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အတွင်းရေးမှူး (၁) ဗိုလ်မှူးအောင်သူရိန်ထွန်းတို့မှ သွားရောက်ကြည့်ရှုခဲ့ကြသည်။
မြန်အောင်မြို့ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံကို စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ စတင်ထုတ်လုပ်လျက်ရှိပြီး၂၄ နာရီလျင် ၄၀ လီတာအိုး အလုံး (၂၀၀) ဖြည့်သွင်းနိုင်ကြောင်းနှင့် မြန်အောင်မြို့နယ်အတွင်းရှိ ဆေးရုံများနှင့်လူမှုရေးအသင်းအဖွဲ့များကို အောက်စီဂျင် အခမဲ့ဖြန့်ဝေပေးလျက် ရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)