မြန်အောင် သြဂုတ် ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီ တစ်ပိဿာ ၄၅၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆီငါးဆယ်ကျပ်သားအား ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စားအုန်းဆီ လက်လီအရောင်းစျေးကားဖြင့် ဆီပိသာချိန် ၅၅၀ ကို ရောင်းချပေးခဲ့ပြီး တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများ စနစ်တကျဝယ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)