မြန်အောင် ၈ မတ်
မြန်အောင်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ(မစက)မှ ယနေ့နံနက်က မြန်အောင်မြို့ အဝေးပြေးကားဝင်းတွင် ခရီးသွားပြည်သူများ၊ ယာဉ်လိုင်းများ၊ ဂိတ်မှူးများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ(မစက) ဥက္ကဋ္ဌ ဦးအောင်သန်း၊ ကျန်းမာရေးမှူးအဆင့်(၁) ဦးတင်ထွဋ်တို့က ရောဂါကာကွယ်ရေး လိုက်နာရမည့် အချက်များဟောပြော၍ Hand Gel ပါးစပ်နှင့် နှာခေါင်းစည်း၊ တစ်ခါသုံးတစ်ရှူးများ ဖြန့်ဝေပေးပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)