နေပြည်တော် ၁၇ ဖေဖော်ဝါရီ
ယနေ့မွန်းလွဲ ၂ နာရီ ၅၂ မိနစ် ၅၈ စက္ကန့်တွင် မြန်အောင်မြို့၏ အနောက်ဘက် (၂၃)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါငလျင်သည် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၃) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၈.၂၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၇) ဒီဂရီ၊ အနက် (၄၁)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။
MDN