မြန်အောင်   ၁၄  သြဂုတ်

ဧရာဝတီမြစ်အတွင်း ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မြန်အောင်မြို့ အမှတ် (၃)ရပ်ကွက်အနီး သင်္ဘောဆိပ်တွင် ပြုလုပ်ခဲ့သည်။

 

5010

 

ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုသူ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးသန်းဝင်းအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က အသက်ကယ်လှေဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ပါက လျင်မြန်စွာ ရှာဖွေကယ်ဆယ် နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ပစ္စည်းများကို အသင့်ပြင်ဆင်ထားရှိကြောင်း မြို့နယ် မီးသတ်ဦးစီးမှူးထံမှ သိရသည်။ 

ဝင်းဗိုလ်(ပြန်/ဆက်)