မြန်အောင်၊ ၁၀ မေ

 

မြန်အောင်မြို့ အမှတ်(၂)ရပ်ကွက် ဆေးရုံတဲကြီးကုန်းလမ်းတွင် မေ ၁၀ ရက် နံနက် ၀၀ နာရီ ၂၀ မိနစ်ခန့်က ခြင်ဆေးခွေမီးအား ပေါ့ဆစွာသုံးစွဲမှုကြောင့် နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဒေသပိုင်မီးသတ်အဖွဲ့၊ ပါရမီလူမှုကူညီရေးအသင်းနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၀၀ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း (၁၅ ပေ) ပတ်လည် (၂)ထပ် သုံးပင်အိမ်နှင့် ခေါင်းရင်းဘက်ရှိ သွပ်မိုး၊ ပျဉ်ခင်း (၂၀ ပေ) ပတ်လည် (၂)ထပ် လေးပင်အိမ်တို့ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ခြင်ဆေးခွေမီး ပေါ့ဆစွာသုံးစွဲခဲ့သူအား မြန်အောင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)