မြန်အောင်၊ ၂၄ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲဒုဥက္ကဋ္ဌ ဦးနေဝင်းနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့က အဖွင့်အမှာစကား ပြောကြားကြပြီး မြန်အောင်မြို့ လဝန်းရောင်ခြည်ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးဇော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
သင်တန်းသို့ လဝန်းရောင်ခြည်ပရဟိတအဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးတက်ရောက်၍ သင်တန်းကာလ (၈)ရက်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမိုးမြင့်ခိုင်ထံမှ သိရသည်။
ဝင်းဗိုလ်(မြန်အောင်)


