မြန်အောင် စက်တင်ဘာ  ၂၁

 

ဧရာဝတီတိုင်းဒေသကြီး   ဟင်္သာတခရိုင် မြန်အောင်မြိုနယ်တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို  ယမန်နေ့ နံနက်က ကန်ဇွန်းခုံကျေးရွာအုပ်စုတွင် ကွင်းဆင်း‌‌ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

         

ကန်ဇွန်းခုံကျေးရွာအုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင် ဦးဆောင်၍ ဒုလဝကမှူးများဖြစ်ကြသည့် ဒေါ်ဆွေဆွေသန်းနှင့်   ဒေါ်မြင့်မြင့်သင်း တို့က ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၀)နှစ်မှ (၁၈) နှစ် ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း ၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

      

 

ဝင်းဗိုလ် မြန်အောင်( ပြန်ဆက်)