မြန်အောင် ဇွန် ၂၅

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြှုပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေါင်းကုန်း ကျေးရွာအနီး တောင်သူ ဦးသက်နိုင်ဝင်း ၏ လယ်မြေနှစ်ဧက၌ ပြုလုပ်သည်။

 

အခမ်းအနားသို့ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့၊ ခရိုင်မြေစာရင်းဦးစီးဌာနမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းစိုးဦး၊ ဦးမြင့်နိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းနှင့်ဌာနဆိုင်ရာများ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံ တောင်သူများတက်ရောက်၍ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်းကို ကြည့်ရှု အားပေးခဲ့ကြသည်။

 

ဝင်းဗိုလ်(ပြန်/ဆက်)