နေပြည်တော် ၂၃  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ အောက်တိုဘာလ ၂၁ ရက်နေ့က တရားမဝင်ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၀ ဘီးယာဉ် ၁ စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းသစ်တောဘိနယ်တာဝန်ခံနှင့် ဟင်္သာတခရိုင် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာလ ၂၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၇၃/၆-၇)ကြား၌ စောင့်ဆိုင်းနေစဉ် ဥသျှစ်ပင်မြို့ဘက်မှ ဘန့်ဘွေးကုန်းကျေးရွာဘက်သို့ ပန်းတောင်း မြို့နယ်၊ ကျွဲရဲကျေးရွာနေ ဝင်းအောင်(၃၆)နှစ် မောင်းနှင်လာသော 7A/xxxx ၁၀ ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသော ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၄၉ ချောင်း၊ ၆.၂၄၈၄ တန်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းအောင်အား အင်ပင်နယ်မြေရဲစခန်း မှ  အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)