မြန်အောင် ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ GIS နည်းပညာဖြင့် တည်နေရာပြ (Point) ကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၅ ရက်က မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက်တွင် ခေတ္တမြို့နယ်မှူး ဦးမြင့်အောင်၊ လဝကမှူး ဒေါ်စန်းစန်းကျော် ဦးဆောင်သောအဖွဲ့က ဆောင်ရွက်ခဲ့သည်။
တည်နေရာပြ (Point) ကောက်ယူရာတွင် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြန်အောင်မြို့ပေါ်ရပ်ကွက် ခြောက်ခုအား Geographical Information System (GIS) စနစ်ဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာ(Point) ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာများသို့လည်း ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)