မြန်အောင်  ၁    အောက်တိုဘာ

 

မြန်အောင်မြို့နယ် မြန်အောင်တာ၊ တာမိုင်( ၅/၂ နှင့် ၆/ဝ )အတွင်း ပန်းတာတည်ဆောက်ခြင်းနှင့် မြစ်ကမ်း ကာကွယ်ခြင်းလုပ်ငန်းအတွက် တောင်သူများအား လယ်ယာမြေ နစ်နာကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

၈

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မြန်အောင်မြို့နယ် ရေဘေး အန္တရာယ် ကာကွယ်ရေးအတွက် ပန်းတာတည်ဆောက်ရန် မြေနေရာကူညီပေးခဲ့သော တောင်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ဟင်္သာတခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစံမင်းက မြန်အောင်မြို့နယ်အတွင်း ရေဘေးကာကွယ်ရေး တာတမံများဆောင်ရွက်ထားရှိမှုနှင့်တာမိုင်( ၅/၂ နှင့် ၆/ဝ ) အတွင်း ပန်းတာတည်ဆောက်ခြင်းနှင့် မြစ်ကမ်းကာကွယ်ခြင်းလုပ်ငန်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

မြန်အောင်တာ၊ တာမိုင်( ၅/၂ နှင့် ၆/ဝ )အတွင်း ပန်းတာတည်ဆောက်ခြင်းနှင့် မြစ်ကမ်းကာကွယ်ခြင်း လုပ်ငန်းအတွက် လယ်ယာမြေနစ်နာကြေး စုစုပေါင်း ငွေကျပ် ၄၁၈၁၀ဝ၀ဝိ/ဝ၀ ကို တောင်သူ(၁၀)ဦးတို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၊ ဟင်္သာတခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစံမင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ လွှတ်တော်ကိုယ်စားလှယ်များရုံး အတွင်းရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးတို့က ပေးအပ်ခဲ့ကြသည်။

 

မြန်အောင်မြို့နယ် မြန်အောင်တာ၊ တာမိုင်( ၅/၂ နှင့် ၆/ဝ )အတွင်း ပန်းတာတည်ဆောက်ခြင်းနှင့် မြစ်ကမ်း ကာကွယ်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် မြေလတ်သစ္စာ ကုမ္ပဏီနှင့်သီဟမင်းဆွေကုမ္ပဏီတို့က တာအလျား ၃၉၆၀ ပေ၊ တာထိပ်ဝအကျယ် ၁၄ ပေ၊ တာအောက်ခြေ ပျမ်းမျှအကျယ် ၆၀ ပေ၊ တာအမြင့် ပျမ်းမျှ ၁၅ ပေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

      

ဝင်းဗိုလ် မြန်အောင်