ကျိုက်မရော ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးအား ပြုပြင်မွမ်းမံ၍ တည်ထားကိုးကွယ်ခဲ့သော မွန်ဘုရင်မကြီး ရှင်စောပု၏ သက်တော်(၆၃၀)ပြည့် မွေးနေ့မင်္ဂလာအား ထမနဲထိုးပြိုင်ပွဲများ၊ အခြားပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆုတောင်းပြည့်ဘုရားကြီးသို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူး လာရောက်ကြသော ပြည်သူများ၊ ခရီးသွား ဧည့်သည်များအား မွန်ရိုးရာအစားအစာ မုန့်တီများဖြင့် နံနက် ၉ နာရီမှစတင်ကာ စတုဒီသာ ကျွေးမွေးလျက်ရှိပြီး
စည်ကားများပြားလျက်ရှိသည်။ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရှင်စောပုဘုရင်မကြီး မွေးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲများကို နံနက် ၇ နာရီမှစတင်ကာ ပြုလုပ်သွားမည် ဖြစ်သည်။
မိချို(ပြန်/ဆက်)