နေပြည်တော်၊ ဒီဇင်ဘာ ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မန်စီကျေးရွာအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သမားများမှာ ရွာ၏ အနောက် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်သမားများက ပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန် ၂၂ အိတ်ကို သိမ်းဆည်းရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လိုအပ်သည့်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်မှုနှင့် ပါဝင်ပတ်သက်ခြင်းမရှိသော ကျေးရွာသူ၊ ကျေးရွာသားများအား သိမ်းဆည်းရမိသည့် ဆန် ၂၂ အိတ်ကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

mdn